Disfruta de 1 año de Premium al 40% de dto ¡Lo quiero!
Shan Herald Agency for News (Burmese Edition)
Podcast

Shan Herald Agency for News (Burmese Edition)

49
0

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.

49
0

ပြည်ထောင်စု ပြဿနာ &#4116

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ မြန်မာနိုင်ငံကြီးရဲ့ ပြည်တွင်းစစ်ဖြစ်လာခဲ့တာဟာ နှစ် ၇၀ ကျော်ကြာရှိနေပြီဖြစ်ပါတယ်။ ဒါဟာ ယနေ့ထိတိုင် မဖြေရှင်းနိုင်သေးတဲ့ ပုစ္ဆာတစ်ခုဖြစ်နေပါတယ်။ တကယ်တမ်းတော့ မြန်မာပြည်ကြီးရဲ့ ပြသာနာက ဘာတွေဖြစ်နေမလဲ ။ ကျနော်တို့ စာဖတ်ပရိသတ်ကော စဉ်းစားမိကြလား။ အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ Podcast ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ ကိုနောင်ရေးသားထားတဲ့ အတွေးအခေါ်ဆောင်ပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဆောင်းပါးရဲ့ခေါင်းစဉ်ကတော့ ပြည်ထောင်စုပြသာနာ နိဂုံးချုပ်သင့်ပြီ ဆိုတဲ့ခေါင်းစဉ်ဖြစ်ပြီး သျှမ်းသံတော်ဆင့်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်လွတ်ခဲ့ပါတယ်။ ဒါကို ကျနော်က မူရင်းအာဘော်မပျက်ပဲ Podcast ကနေတစ်ဆင့်နားဆင်နိုင်အောင် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျနော်ကတော့စိုင်းဆိုင်လျန်ပါ။
Art and literature 3 weeks
0
0
0
10:37

၁၀၂၇ စစ်ဆင်ရေး အော&#4096

၁၀၂၇ စစ်ဆင်ရေး အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး
Art and literature 1 month
0
0
0
07:05

လူထု၏ ကျန်းမာရေးကိ

လူထု၏ ကျန်းမာရေးကို စတင်ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ သဘာဝကပေးထားတဲ့ တော ၊ တောင် ၊ ရေ ၊ မြေတွေကို မှီတင်ပြီး စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သျှမ်းပြည်ပုံအင်းဒေသဟာ အနာဂတ်မှာ စိုက်ပျိုးရေးလုပ်လို့မရတော့မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ပုံအင်းကထွက်တဲ့ နောင်မွန်သျှမ်းဆန်ဟာ နာမည်ကြီးပြီး မြန်မာနိုင်ငံတစ်ဝှမ်းကို တင်ပို့လျက်ရှိပါတယ်။ ဒါပေမဲ့ အာဏာရှင်အဖွဲ့အစည်းတစ်ခုရဲ့ စီးပွားရေးတွေကြောင့် ပုံအင်းဒေသမှာတော့ နောက်နှစ်တွေမှာ စပါးစိုက်ပျိုးဖို့အတွက် ခက်ခဲလာတော့မှာဖြစ်ပါတယ်။ သျှမ်းသံတော်ဆင့်ရဲ့ စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ Podcast ကနေ ပြန်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ လူထုကျန်မာရေးကို စတင်ခြိမ်းခြောက်လာနေတဲ့ ပင်းပက်သံမဏိစက်ရုံ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို လာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဆောင်းပါးကို စိုင်းဟန်လင်းမှာရေးသားထားပြီး သျှမ်းသံတော်ဆင့်မှာ အောက်တိုဘာ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီဆောင်းပါးကို စိုင်းဆိုင်လျန် မှပြန်တင်ဆက်ထားပါတယ်။
Art and literature 1 month
0
0
0
07:02

ခွန်ဆာ၏နောက်ဆုံး န

ခွန်ဆာ၏နောက်ဆုံး နေ့ရက်များ သျှမ်းပြည်ဟာ ပထဝီနယ်မြေအရ မြန်မာနိုင်ငံအတွင်းမှာအကျယ်ပြန့်ဆုံးဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်နေတဲ့ ပြည်နယ်ကြီးတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ လူမျိုး ၊ ဘာသာ ၊ ယဉ်ကျေးမှုတွေကွဲပြားမှုရှိပေမဲ့လည်း ယခင်က အငြင်းပွားမရှိနေထိုင်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ နယ်မြေအငြင်းပွား ၊ လူမျိုးရေးအငြင်းပွားတွေဟာ သျှမ်းပြည်တွင်း ကြီးမားတဲ့ ပြသာနာတစ်ခုဖြစ်နေပါတယ်။ ဒီပြသာနာတွေဟာ ယနေ့ထိတိုင်း ဆက်တိုက်ကြီးထွားနေပါတယ်။ ဒါကြောင့် ဒီနေ့ Podcast ထဲမှာတော့ MongTai Army MTA ခေတ်ကာလအချိန်က သျှမ်းပြည်နယ်တွင်း တိုင်းရင်းသားအတူယှဉ်တွဲနေထိုင်ခဲ့ပုံ ၊ မူးယစ်ဆေးဝါးနဲ့နာမည်ကြီးခဲ့တဲ့ ခွန်ဆာ လက်နက်ချခဲ့ခြင်း စတာတွေကို ပြန်လည်း ဒီနေ့ Podcast ထဲမှာ ပြန်လာပြောပြပေးသွားမှာဖြစ်ပါတယ်။ သျှမ်းသံတော်ဆင့်ကို ကြည့်ရှုအားပေးနေတဲ့ ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ အခုတင်ဆက်ပေးမဲ့ Podcast ကို သျှမ်းသံတော်ဆင့်သတင်းဌာနကနေ နိုဝင်ဘာ ၂ ရက်နေ့က စိုင်းဆိုင်မုခ် ရေးသားထားတဲ့ ခွန်ဆာ၏နောက်ဆုံးနေ့ရက်များ ဆိုတဲ့ ဆောင်းပါးကို ပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
Art and literature 2 months
0
0
0
09:42

နယ်စပ်ကုန်သွယ်ရေး&

နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က သိန္နီမြို့ရဲ့ ကံကြမ္မာ လာမဲ့ အောက်တိုဘာ ၂၇ ကျရင် ညီနောင်မဟာမိတ် ၃ ဖွဲ့ TNLA,MNDAA, AA တို့ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ၂ နှစ်ပြည့်ခဲ့ပြီဆိုပေမဲ့လည်း တစ်ချို့နယ်မြေတွေကို ညီနောင်မဟာမိတ်တွေပြန်လက်လွှတ်ဆုံးရှုံးလိုက်ရပြီး စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ၊ နိုင်ငံရေး ၊လူမှုရေး စတဲ့အဖက်ဖက် ကျဆင်းနေချိန်မှာတော့ ပြည်သူတွေက မည်သူပင်အုပ်ချုပ်နေပါစေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုလားနေကြတာတော့ ငြင်းလို့မရတဲ့ အချက်တစ်ခုပါ။ အာဏာရှင်စစ်တပ်ကိုမကြိုက်လို့ တိုက်ထုတ်နိုင်ခဲ့တဲ့လက်နက်ကိုင်အဖွဲ့တွေကို ယုံကြည်အားကိုးခဲ့တဲ့ပြည်သူတွေကတော့ ရက်ကြာလာတာနဲ့အမျှ အာဏာရှင် အသစ်လက်ထဲပြန်အသက်ရှင်နေရတယ်လို့ MNDAA ထိန်းချုပ်ထားနိုင်တဲ့ သိန္နီမြို့ ဒေသခံတွေက ပြောပါတယ်။ သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါ။ ဒီတစ်ပတ် Podcast ထဲမှာတော့ နန်းလောဝ်ရေးသားထားတဲ့ “ နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က သိန္နီမြို့ရဲ့ ကံကြမ္မာ” ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ယခုဆောင်းပါးကို သျှမ်းသံတော်ဆင့်ကနေ အောက်တိုဘာ ၁၈ ရက်နေ့က စာရေးသားအနေနဲ့ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
Art and literature 2 months
0
0
0
10:12

အမျိုးသမီးလုံခြုံ&

အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး” စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဒုစရိုက်တွေ ၊ ခိုးယူ ၊ လုယက် ၊ လိမ်လည်မှုတွေ များပြားလာခဲ့ပါတယ်။ တရားဥပဒေစိုးမိုမှုလည်း မရှိတာကြောင့် အရေးယူဆောင်ရွက်ရေးပိုင်းမှာလည်း အားနည်းလာပါတယ်။ အထူးသဖြင့် မသမာသူတွေက အမျိုးသမီးငယ်တွေ အသက်ကြီးတဲ့အမျိုးသမီးတွေ ၊ ကလေးတွေကို ဦးတည်ပြီး ဖြားယောင်းဖမ်းဆီးခေါ်ဆောင်သွားပြီး လူကုန်ကူးတဲ့အဆင့်ထိ အတင်းအဓမ္မပြုကျင့်တာ စတာတွေကိုလည်း ပြုလုပ်လာပါတယ် ။ ဒီတစ်ပတ် Podcast ထဲမှာတော့ တို့ဆေး ကို အသုံးပြုပြီးတော့ အမျိုးသမီးငယ်တွေ အသက်ကြီးတဲ့အမျိုးသမီးတွေကို ဦးတည်ပြီး ပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့ဆောင်းပါးကို “အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ တို့ဆေးဆိုတဲ့ ခေါင်းဆောင်နဲ့ နန်းခမ်းကူက ရေးထားပြီ သျှမ်းသံတော်ဆင့်မှ အောက်တိုဘာ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။ ဒါကြောင့် တို့ဆေးတွေကိုဘယ်လိုအသုံးချပြီ လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလဲဆိုတာကို သိရှိဖို့ အခုတင်ဆက်ပေးမဲ့ Podcast ကို အဆုံးထိ နားဆင်းဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။
Art and literature 2 months
0
0
0
04:51

ပိုးသတ်ဆေးနံ့အောက&

ပိုးသတ်ဆေးနံ့အောက်မှာ အနာဂတ် လမ်းပျောက်သည့် — မြန်မာခြံလုပ်သားများ ကိုယ်မြန်မာနိုင်ငံတွင်းမှာ အဆင်မပြေလို့ ထိုင်းနိုင်ငံကိုလာပြီး အလုပ်လုပ်ကိုင်ကြပေမဲ့လည်း ခွဲခြားဆက်ဆံတာ ၊ အလုပ်ကြမ်းတွေလုပ်ရတာ စတဲ့ ဒုက္ခတွေကြုံတွေ့နေကြရပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီး ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လူငယ်တွေကို ဖမ်းဆီးမှုတွေရှိလာတာကေကြာင့် လူငယ်အများစုဟာလည်း ရရာနည်းလမ်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြပါတယ်။ ဒီကြားထဲမှာလည်း သူများနိုင်ငံမှာ ဒုက္ခခံပြီ ဝမ်းရေအတွက် ဖြေရှင်းနေရပါတယ်။ဒါအပြင် ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းတွေမရှိတာကြောင့် ထိုင်းအစိုးရက သတ်မှတ်ပေးထားတဲ့ လုပ်အားခနှုန်းတွေလည်းမရရှိကြပါဘူး။ ဒီတစ်ပတ် Podcast ထဲမှာတော့ လိမ္မောခြံမှု အလုပ်လုပ်နေရတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဝမ်းစာဖြေရှင်းနေရပုံကို လာရောက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ အခုလာရောက်တင်ဆက်ပေးမဲ့ဆောင်းပါးကို စိုင်းဟန်လင်းက ရေးသားထားပြီ သျှမ်းသံတော်ဆင့်မှာ ဩဂုတ် ၂၈ ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ ။
Art and literature 4 months
0
0
0
14:59

ခွဲစိတ်ခန်းမှ ရင်ခ

ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း စစ်တပ်အာဏာသိမ်းနောက်ဆက်တွဲ ပြသာနာတွေဟာ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာ ၊ ဒေသတွင်း တာဝန်ယူမှုကင်းမဲ့လာတာ ၊ စီးပွားရေးကျဆင်းလာတာ ၊ CDM ပြုလုပ်သူတွေများလာတာကြောင့် အစိုးရယန္တရား ကောင်းကောင်းမလည်ပတ်နိုင်တော့တာ စတဲ့နည်းမျိုးစုံသောပြသာနာတွေဟာ ဖြစ်ပေါ်နေပါတယ်။ တရားဥပဒေစိုးမိုးမှုကင်းမဲ့လာခဲ့တာကြောင့် ခိုးယူလုယက်မှုတွေကလည်း ပေါများလာခဲ့ပါတယ်။ အလားတူပဲ တာဝန်ယူမှုတွေဟာလည်း ပေါ့ဆလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း တိုက်ပွဲတွေက ဖြစ်နေတာကြောင့် ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ CDM ပြုလုပ်တဲ့သူတွေလည်းများလာတာကြောင့် ကာလတိုသင်တန်းပေးပြီး ကျွမ်းကျင်မှုမရှိတဲ့သူတွေကို လိုအပ်တဲ့နေရာမှာ တာဝန်ခန့်အပ်ပေးနေတာတွေလည်း စစ်ကော်မရှင်ကပြုလုပ်ခဲ့ပါတယ်။ ဒီလို ကျွမ်းကျင်မှုမရှိတဲ့ ဝန်းထမ်တွေကြောင့်လည်း ပြည်သူတွေဟာ မသေသင့်ပဲနဲ့ သေဆုံးသွားရတာတွေရှိနေပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်ရှောင်မိခင်တစ်ဦးက ဆေးရုံမှာကလေးသွားမွေးရင် မိခင်ကော ၊ ကလေးပါ သေဆုံးသွားရတဲ့ အကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည်ကို ပြောင်းသုံးထားပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
Art and literature 4 months
0
0
0
04:37

မိခင်ရင်ခွင်ထဲကနေ

မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့စစ်ဗုံး စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ နယ်မြေပဋိပက္ခတွေကြောင့် ကြားထဲကနေ ပြည်သူတွေဟာ မြေစာပင်ဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရတာအများအပြားရှိပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစ စစ်ကောင်စီဟာ သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တီးကျေးရွာထဲက စစ်ဘေးရှောင်တွေရှိနေတဲ့ မဇ္ဈိမာရာမ အလယ်ကျောင်းတိုက်ထဲကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂၀ ကျော်သေဆုံးသွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ၄၀ နီးပါးရှိပါတယ်။ သေဆုံးသွားတဲ့အထဲမှာ အသက် ၅ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေး (၆) ဦးသေဆုံးသွားခဲ့ပါတယ်။ ဒီထဲမှာ မိဘ နဲ့အဝေးမှာနေရတဲ့ အသက် ၁၃ နှစ်အရွယ် နန်းလွမ့်ခမ်းလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ ပဋိပက္ခတွေကြောင့် ကြားထဲမှာ ပြည်သူဘယ်လောက်ထိခိုက်နစ်နာသွားရလဲဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်းဖို့အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
Art and literature 4 months
0
0
0
05:44

လေကြောင်းဗုံးဒဏ်က&

လေကြောင်းဗုံးဒဏ်ကြား အသက်လုရှင်သန်နေရသူများ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း စစ်ရေးအသာစီရရန် နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ရယူရန် အတွက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို ပိုပြီးပြုလုပ်လာခဲ့ပါတယ်။ အလားတူပဲ သျှမ်းပြည်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး”ကို ညီနောင်မဟာမိတ်တွေနဲ့ စစ်ကောင်စီ ဟာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညီနောင်မဟာမိတ်တွေ က နယ်မြေအများပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့အချိန်မှာ ဘယ်သူမှ ထင်မှတ်မထားတဲ့ လားရှိုးမြို့ကြီးအပါ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရပါသေးတယ်။ အခုဆိုရင်လည်း စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း (၁)ဆိုပြီး ကျင်းပဖို့အတွက် ကြေညာချက်ထုတ်လာပြီး ၎င်းတို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ် သီပေါ၊ မိုးကုတ်နဲ့ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အတွက် လေကြောင်းထိုးစစ်ဆင်မှု နေ့စဉ်နဲ့အမျှပြုလုပ်လာပြီဂ အရပ်သားပြည်သူ သေဆုံးမှုကလည်း မြင့်တက်လာပါတယ်။ စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ နယ်မြေပဋိပက္ခတွေကြောင့် ပြည်သူတွေကတော့ ကြားထဲမှာ မြေစာပင်အဖြစ် ခံနေရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ လေကြောင်းဗုံးဒဏ်ကြားက အသက်လုရှင်သန်နေသူများ ဆိုတဲ့ ခေါင်းစဉ် နဲ့ လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိ နားဆင်ဖို့အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
Art and literature 4 months
0
0
0
07:05

သတိချပ်ဖို့လိုအပ်&

သတိချပ်ဖို့လိုအပ်တဲ့ သက်ငယ်မုဒိမ်းမှုများ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုစရိုက်တွေပေါများလာပြီ တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေတဲ့ မြန်မာနိုင်ငံထဲမှာ သက်ငယ်မုဒိမ်းမှုတွေကလည်း ပိုများလာတဲ့အတွက် သတိချပ်ဖို့လိုအပ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဖြာယောင်းပြီးခေါ်ဆောင်သွားတာ ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်တာတွေလည်း မကြာသလိုတွေ့လာခဲ့ရပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ သျှမ်းပြည် တာချီလိတ်မြို့မှာ အသက် (၈) နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်တဲ့ဖြစ်စဉ်တစ်ခုကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Podcast ထဲမှာတော့ ကလေးကို ဘယ်လိုပုံစံမျိုးနဲ့ ဖြာယောင်းသွားတာလဲ ၊ ခေါ်သွားတဲ့သူက ဘယ်လိုလူလဲ စတဲ့အချက်တွေကို ပြောပြသွားမှာဖြစ်ပြီး စာဖတ်ပရိသတ်တွေအနေနဲ့လည်း ဘယ်လို သတိထားလို့ရမလဲဆိုတာကို သိရမယ်လို့ ယုံကြည်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။ #podcast #SHANNews #Shannewsburmese
Art and literature 4 months
0
0
0
06:58

အသက်ရှင်နေလျက် ဘဝသ

အသက်ရှင်နေလျက် ဘဝသေနေသူများ နိုင်ငံတစ်ဝှမ်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်အင်အားဖြည့်ဖို့အတွက် တပ်သားစုဆောင်းမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ကျင့်သုံးလာခဲ့ပါတယ်။ လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၁၄ ကြိမ်ထိရှိလာပြီ နိုင်ငံတစ်ဝှမ်း စစ်မှုထမ်းအင်အား ၇ သောင်းလောက်စုဆောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ စစ်မှုထမ်းအပတ်စဉ်တတစ်ကြိမ်မှာ လူအင်အား ၅ ထောင်အထိ စစ်ကောင်စီက စုဆောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်မှုထမ်းဥပဒေဟာ လူငယ် ၊ လူလတ်ပိုင်းတွေအတွက်တော့ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ပြည်ပထွက်သွားတဲ့လူငယ်တွေကလည်း အများပြားရှိလာခဲ့ပါတယ်။ Spring Revolution Database ရဲ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း ပြည်ပထွက်လာသူ စုစုပေါင်း ၂ ထောင်နီးပါးရှိနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း ပြည်ပမထွက်နိုင်တဲ့သူတွေအတွက်တော့ “ ရှင်နေလျက် ဘဝသေနေသလိုခံစားနေရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာရတဲ့ သူတစ်ယောက်အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည် နဲ့ အသံကိုတော့ အစားထိုးအသုံးပြုထားပါတယ်။
Art and literature 5 months
0
0
0
05:42

အိမ်တွင်းအကြမ်းဖက&

အိမ်တွင်းအကြမ်းဖက်မှုမှ ရုန်းထွက်ဖို့ခက်နေတဲ့ ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများ ကမ္ဘာတစ်ဝှမ်းမှာ ၁၀ မိနစ်အချိန်တိုအတွင်းမှာပဲ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံနေရတယ်လို့ ကုလသမ္မဂအမျိုးသမီးအဖွဲ့ (UN Woman) ရဲ့ ၂၀၂၄ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အမျိုးသမီး နဲ့ မိန်းကလေးငယ် ရှစ်သောင်းခွဲလောက်က သတ်ဖြတ်ခံနေရပြီ ၊ အဲဒီသတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၆၀ ရာခိုင်နှုန်းလောက်ဟာ အိမ်ထောင်ဖက် ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ လက်ချက်တွေကြောင့်ဖြစ်တယ်လို့လည်း UN Women က ဆိုပါတယ်။ ဒါတွေကြောင့်ပဲ အမျိုးသမီးပေါ် အကြမ်းဖက်ပပျောက်ဖို့ ဖဲကြိုးဖြူလှုပ်ရှားမှု လို့ဆိုပြီး နိုင်ငံတကာ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်ထိ ၁၆ ရက်သာလှုပ်ရှားမှု ကို နှစ်စဉ်ကျင်းပကြပါတယ်။ အခုလို သတ်မှတ်ပြီး လှုပ်ရှားနေပေမဲ့လည်း မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်မှာ အိမ်တွင်းအကြမ်းဖက်တွေကို နည်းမျိုးစုံဆက်ပြီး ကြုံနေရဆဲပါ။ အဲ့ထဲမှာ မြန်မာနိုင်ငံကတော့ စစ်ရေး ပဋိပက္ခတွေ ကြောင့် အိမ်တွင်းအကြမ်းဖက်မှုကို ပို ခံနေရပါတယ်။ ဒီတစ်ပတ်အတွင်း Podcast အတွင်းမှာ ထိုင်းနိုင်ငံအတွင်းကို ရွှေ့ပြောင်းအလုပ်လာလုပ်နေတဲ့ အမျိုးသမီးတွေရဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကို တင်ဆက်ပေးသွားမှာပါ။
Art and literature 5 months
0
0
0
05:40

အနာဂတ်အတွက် အသက်သွ

အနာဂတ်အတွက် အသက်သွေးကြောပျက်သွားပြီ သျှမ်းပြည် UWSA ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြေရှားသတ္တုတူးဖော်မှုတွေကြောင့် ထိုင်း - မြန်မာ နယ်စပ်ဒေသ ၂ နှစ်နိုင်ငံလုံးက မှီတင်နေတဲ့ မြစ်ချောင်းရေတွေဟာ အဆိပ်သင့်ပြီ ဒေသခံတွေ ရေအသုံးပြုဖို့အတွက် အခက်ခဲကြုံတွေ့နေကြရပါတယ်။ အခုလည်း ထိုင်းနိုင်ငံ ချင်းရိုင်းမြို့နယ်အတွင်းဖြတ်သန်းစီးဆင်နေတဲ့ နမ့်ခုတ်မြစ်ဟာ အဆိပ်သင့်ပြီ ရေနေသတ္တုဝါတွေ ရောဂါကူးစက်တာတွေဖြစ်နေရပြီ ရေအဆိပ်သင့်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းတူးဖော်နေတဲ့ မြေရှားသတ္တုဟာလည်း အိမ်နီးချင်းနိုင်ငံတွေအထိ ထိခိုက်နစ်နာမှုတွေဖြစ်စေပါတယ်။ မြေရှားသတ္တုဟာ လျှပ်စစ်ကား (EV)တွေ လေစွမ်းအင်သုံး တာဘိုင်တွေ၊ စမတ်ဖုန်း၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အလွန်အရေးပါတယ်။ ဒါ့ကြောင့် မြေရှားသတ္တုတူးဖော်မှုတွေကို သျှမ်းပြည် “UWSA” ထိန်းချုပ်ဒေသမှာ အသည်းအသန်တူးဖော်နေပြီး တရုတ်နိုင်ငံကို အဓိက တင်ပို့နေမှုနေပါတယ်။ ဒါကြောင့် ဒီမြေရှားက ပြည်သူတွေကို ဘယ်လို အခက်ခဲဖြစ်နေလဲ သဘာဝပတ်ဝန်းကျင်ဘယ်လိုပျက်စီးနေလဲ ပြည်သူတွေကရော ဒီပြဿာနာကို ဘယ်လို ရင်ဆိုင်နေရလဲဆိုတာကို ဒီတစ်ပတ် Podcast ထဲမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်အဆုံးထိနားဆင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
Art and literature 5 months
0
0
0
05:48

စိတ်ဒဏ်ရာများ ပြည်

စိတ်ဒဏ်ရာများ ပြည့်နှပ်နေတဲ့ စစ်ဘေးရှောင် စစ်ရေးပဋိပက္ခတွေ ရက်ရှည်ကြာလာလေလေ ပြည်သူတွေရဲ့ ဒုက္ခက ကြီးမားလေလေပါပဲ။ လက်ရှိမှာလည်း စစ်ရေးတွေ ပြင်းထန်နေတဲ့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ မိုးဗြဲ၊ ဖယ်ခုံကပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးကို ကောင်းမွန်စွာ မလုပ်နိုင်တဲ့အပြင် အိုးအိမ်ကိုစွန့်ခွာ ကလေးငယ်ရဲ့ ပညာရေးလည်း ကောင်းမွန်စွာ မသင်ကြားနိုင်ပါဘူး။ ဒါ့အပြင် စိုက်ပျိုးရေးမလုပ်ကိုင်နိုင်တဲ့အတွက် ဝင်ငွေလည်း မရှိ ဆုံးရှုံးမှုတွေနဲ့ ပြည့်နှပ်နေကြပါတယ်။ တဖက်မှာလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တဲ့ စစ်ကောင်စီကြောင့် ကြိမ်ဖန်များစွာ စစ်ဘေးရှောင်နေရသလို တောတောင်မှာ ခက်ခဲကြမ်းတမ်းစွာ ရှင်သန်နေရပါတယ်။ ဒီလိုအခက်ခဲတွေကြားမှာ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေ ဘယ်လိုရပ်တည်နေထိုင်ကြလဲ ဘယ်လိုဆုံးရှုံးမှုကြုံတွေ့နေရလဲ ဘယ်လိုကျော်ဖြတ်နေရလဲဆိုတာကို အခုတင်ဆက်ပေးမဲ့ Podcast ထဲမှာ တင်ဆက်ပေးသွားမှာလို့ အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လုံခြုံရေးကြောင့် ဆောင်းပါးအတွင်း အသံ နဲ့ နာမည်ကိုတော့ အစားထိုးအသုံးပြုထားပါတယ်။ မူရင်းဆောင်းပါးကိုပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ https://burmese.shannews.org/archives/48832 သွားရောက်ဖတ်ရှူနိုင်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
Art and literature 6 months
0
0
0
06:25

စစ်အာဏာရှင်တော်လှ&

စစ်အာဏာရှင်တော်လှန်ရေးကြား မူဝါဒကင်းမဲ့နေတဲ့ သယံဇာတတူးဖော်မှု ပတ္တမြားနယ်မြေလို့ တင်စားခေါ်ဝေါ် တဲ့ မိုးကုတ်မြို့ကို TNLA က သိမ်းပိုက်နိုင်တဲ့အချိန်မှာ ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာကြိုဆိုနေခဲ့ကြတာကို စာဖတ်ပရိသတ်တွေအနေနဲ့ မှတ်မိမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ မိုးကုတ်မြို့ပြည်သူတွေဟာ TNLA တပ်ဖွဲ့ အပေါ် အားထားသလို မဖြစ်လာခဲ့ပဲ အာဏာရှင် အသစ်ထံပြောင်းသွားသလို ခံစားရတယ်လို့ဆိုပါတယ်။ အခုတော့ TNLA တပ်ဖွဲ့ကိုလည်း မိုးကုတ်မြို့ပြည်သူတွေကတော့ အားရကျေနပ်မှု လျော့နည်းလာပါတယ်။ ဘာတွေကြောင့် မိုးကုတ်ပြည်သူတွေက TNLA အပေါ် အားရကျေနပ်မှုတွေလျော့လာလဲ၊ TNLA က ဘယ်လိုတွေ လုပ်ဆောင်နေလဲဆိုတာ ကိုတော့ အခုတင်ဆက်ပေးမဲ့ Podcast ကို အဆုံးထိ နားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
Art and literature 6 months
0
0
0
08:14

တစ်ခြားသူတွေ...........

တစ်ခြားသူတွေ........... အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ Podcast အစီစဉ်ထဲမှာတော့ ပုံမှန်ဆောင်းပါတစ်ပုဒ်ကိုလာရောက်တင်ဆက်ပေးနေကြပုံစံမဟုတ်ပဲ အက်ဆေးတစ်ပုဒ်ကိုတစ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီ အက်ဆေးရဲ့ ခေါင်းစဉ်က “အခြားသူတွေ” လို့အမည်ရပြီးတော့ နန်းလောဝ်က ရေးသားထားတာဖြစ်ပါတယ်။ မူးရင်း အက်ဆေးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ burmese.shannews.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။ ကျနော်ကတော့စိုင်းဆိုင်လျန်ပါ။
Art and literature 7 months
0
0
0
05:27

“လူအသက်ကို ဝါးမြို

“ လူအသက်ကို ဝါးမြိုနေတဲ့ စစ်အာဏာစက်အောက်က သယံဇာတ လုပွဲ” စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း စီးပွားရေးကျဆင်းလာပြီးတော့ စစ်ဘေး၊ ကပ်ရောဂါဘေး၊ အငတ်ဘေး၊ သဘာဝဘေးအန္တရာယ် စတဲ့ ဘေးအန္တရာယ်တွေကို နှစ်စဉ် ကြုံတွေ့လာနေရပါတယ်။ မနှစ်က စပြီးတော့ သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ တစ်ခါမှ မကြုံဖူးကြသေးတဲ့ ရေကြီးမှုဒဏ်တွေကို ဆိုးဆိုးရွားရွား ကြုံတွေ့လာခဲ့ရပါတယ်။ ဒီနှစ် မတ်လအတွင်းမှာတော့ အင်အားပြင်း ငလျင်ဘေးဒဏ်ကို ထပ်ကြုံရပါတယ်။ ဒီနှစ် မိုးဦးအစမှာတောင် သျှမ်းပြည်အရှေ့ပိုင်း တစ်ကြောဘက်မှာ ရေကြီးမှုဒဏ်ကို စတင်ကြုံတွေ့နေကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ ရေကြီးမှုရဲ့ နောက်ကွယ်က အကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှုချင်တယ်ဆိုရင် www.burmese.shannews.org မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ လုံခြုံရေးအရ ဆောင်းပါးအတွင်း အသံ နဲ့ နာမည်ကိုတော့ အစားထိုး အသုံးပြုထားပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
Art and literature 7 months
0
0
0
05:43

စစ်ရေးကြားထဲ ဒုက္ခ

စစ်အာဏာရှင်အမြစ်ဖြတ်ဖို့၊ အာဏာရှင်မှန်သမျှ တော်လှန်ဖို့ဆိုပြီး ကြွေးကြော်လာတဲ့ “၁၀၂၇ စစ်ဆင်ရေး” ညီနောင်မဟာမိတ်တွေက ဉီးဆောင်ပြီး သျှမ်းပြည်မြောက်ပိုင်းကို တိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။ “၁၀၂၇စစ်ဆင်ရေး” မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ နယ်မြေအများအပြားသိမ်းပိုက်နိုင်ခဲ့ပေမယ့် တဖက်မှာလည်း ပြည်သူတွေ အိုးအိမ်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်အာဏာရှင် အမြစ်မဖြတ်သေးခင်မှာ စစ်ရေး ရပ်တန့်ခဲ့ရပြီး၊ ညီနောင်မဟာမိတ်တွေ သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကို တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက လက်ဝါးကြီးအုပ်လာခဲ့ပါတယ်။ ဒ့ါကြောင့် “၁၀၂၇ စစ်ဆင်ရေး”မှာ မသန်စွမ်းပြည်သူတွေ ဘယ်လိုအသက်ရှင် ရပ်တည်ခဲ့လဲဆိုတာကို ဒီတစ်ပတ် Podcast အစီစဉ်အနေနဲ့ သိန္နီမြို့နေ မသန်စွမ်း နန်းဆမ် အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ လုံခြုံရေးအရ ဆောင်းပါအတွင်းကိုတော့ နာမည် နဲ့အသံကို အစားထိုးအသုံးပြုထားပါတယ်။ မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ burmese.shannews.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။
Art and literature 7 months
0
0
0
06:01

တရုတ် ကျားကွက် ထဲက &#412

“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး” “၁၀၂၇ စစ်ဆင်ရေး” နဲ့ အတူ လားရှိုးမြို့ကိုသိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့က ၂၀၂၄ ခုနှစ်က တိုက်ပွဲတွေအပြင်းထန်းဖြစ်ပွားခဲ့ပြီ နေအိမ်ပျက်စီးမှု နဲ့ အရပ်သားသေဆုံးမှုတွေကလည်း အများပြားရှိခဲ့ပါတယ်။ သေဆုံးမှုတွေများတဲ့အပြင် ဆုံးရှုံးမှုကလည်းကြီးမာလှပါတယ်။ ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ တရုတ် ကျားကွက်ထဲက လားရှိုးမြို့ဆိုတဲ့ဆောင်းပါးတစ်ပုဒ် နဲ့ လာရောက်တင်ဆက်ပေးသွားပါမယ်။ မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင် www.shannewsburmese.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။ လုံခြုံရေးအရင် ဆောင်းပါးအတွင်း နာမည် နဲ့ အသံကို အစားထိုးအသုံးပြုထားပါတယ်။ ကျနော်ကတော့ တင်ဆက်သူ စိုင်းဆိုင်လျန်ပါ။ #shannews #SHANBurmese #Lashio
Art and literature 7 months
0
0
0
07:29
You may also like View more
La Bala Mágica Marta es una periodista con un sexto sentido para detectar las mentiras que se publican y los intereses que a veces hay detrás de ellas. Ese talento natural hace que el Estado se interese por sus servicios y la contrata en una unidad especial de carácter reservado destinada a luchar contra la desinformación. Una vieja teoría de la conspiración capta su atención: “las empresas energéticas llevan años ocultando que la basura puede convertirse en combustible”. A medida que avanza en la investigación, Marta se va convenciendo de que quizá no se trate de un bulo. Comienza a creer que ha habido desapariciones de científicos, informes destruidos, periodistas que han salido de los medios en los que trabajaban… Incluso empieza a sospechar de sus propios jefes y de algunos de los expertos que le han ayudado a desentrañar otras teorías. La Bala Mágica es una ficción de Summer Story impulsada por Repsol. Protagonizada por Irene Escolar, Silvia Abascal, Carlos Peguer y Roberto Álamo. Dirigida por Álvaro de Cózar. Creada por Álvaro De Cózar, Íñigo Anzizu y Jerónimo Andreu. Guión: Álvaro de Cózar, Jerónimo Andreu y Alba Carballal. Diseño sonoro, montaje y grabación: Josefina Rozenwasser. Técnico de sonido: David Gutiérrez . Música original: Iván Ruiz Serrano. Diseño gráfico de la Agencia Summer. Producido por Iván Pérez y Paloma Lizarraga. Asistente de producción: María Baldasano. Producción Ejecutiva: Pilar Sayáns. Con las voces de: Antonio Gil, Pepe Ocio, Francesco Carril, Alex Nebot, Fabio Espinosa, Eva Egido, Erik Gatby, Roberto Cerdá. Alejandro Diéz, Fernando Pedraza, Eva Torres y los ganadores del casting interno de Repsol: David José Martín Alcalde y Gabriela Castro de la Puente.  Updated
Historias de RNE Historias y Relatos fue un programa de Radio Nacional de España que ofrecía las más grandes obras de la literatura universal de los géneros de terror, misterio, suspense, ciencia ficción y aventuras, con Juan José Plans En el programa se trataba además de la dramatización de tales historias, la vida y obra de sus autores, de las épocas en que fueron escritas o en las que se desarrollan, de los lugares en los que se ambientan, de sus adaptaciones teatrales y cinematográficas. Updated
Cuentos y Relatos Espacio no profesional dedicado a la lectura de Cuentos y Relatos clásicos realizada con voz humana (sin IA) y amenizada con una ambientación musical o sonora. Literatura de todos los géneros: Misterio, Ciencia Ficción, Terror, Fantástico, Policíaco, Costumbrista... No son audios dramatizados, no son locuciones, no son narraciones. Son simplemente lecturas amateur y un proyecto absolutamente desinteresado y sin ánimo de lucro. Algunos de los audios de este podcast pueden herir la sensibilidad del oyente debido a su contenido o lenguaje explícito. Si te consideras una persona sensible en este aspecto, por favor, no lo escuches y elige otro podcast más acorde a tus gustos, de lo contrario, adelante, estás en tu casa. Espero que lo disfrutéis tanto como yo lo hago durante la producción de estos audios. Gracias por anticipado y también por vuestra presencia. ¡Un saludo! Por favor, si te gusta algún audio, no olvides darle al "Me gusta" y compartir en tus redes sociales. ¡Muchas Gracias! Advertencia: Por motivos obvios, cualquier comentario ofensivo, falto de respeto o improcedente, será automáticamente eliminado del podcast. Blog: https://lanebulosaeclectica.blogspot.com.es/ Updated
Go to Art and literature